Windows 7 ဟာတစ်ချို့ software တွေကို install လုပ်လို့မရတာမျိုးရှိပါတယ်။ ရခဲ့ရင်လည်း ဖွင့်လို့၊သုံးလို့မရတာမျိုး ဖြစ်တတ်ပါသေးတယ်။ အဲဒီလိုဖြစ်ခဲ့ရင် အောက်ကနည်းလေးကို လုပ်ကြည့်ပါ။
၁။ Install လုပ်ချင်သည့် ဆော့ဝဲလ်၏ ပုံ ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
၂။ Box ကျလာလျှင် Compatibility tab ကို ရွေးပါ။
၃။ Run this program in compatibility mode for: ကို check အမှန်ခြစ်တပ်။
၎။ Window XP (Service Pack 3) ဒါမှမဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
၅။ Apply လုပ် Ok ။
၆။ မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်ကြည့်ပါ။
Install လုပ်လို့ရသော်လည်း သုံးလို့မရခဲ့ပါက သွင်းထားတဲ့ ပုံပေါ် right click လုပ်ပြီး အပေါ်ကအတိုင်းလုပ်လိုက်ပါ။
ကျနော်တော့ မစမ်းရတေးအူး ဟိဟိ စမ်းဖို့  ပြသ၁နာ က မရှိသေးလို့ 
ကိုလင်း(သလ္လာဝတီ) ဆီမှ ကူးယူဖော်ပြပါသည်
0 comments:
Post a Comment